မြို့သစ် ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့နယ်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီးအောင်ဖုန်းမြင့်နှင့် ဗိုလ်မှူးကြီးမြင့်ဝေတို့သည် မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ယနေ့နံနက်(၁၀)နာရီကရောက်ရှိကာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲ တွင်မြို့နယ်အဆင့်ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီးအောင်ဖုန်းမြင့်နှင့် ဗိုလ်မှူးကြီးမြင့်ဝေတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့သည်။ ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ကဏ္ဍအလိုက်တင်ပြခဲ့ရာ မြို့နယ်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးကြီး အောင်ဖုန်းမြင့်နှင့် ဗိုလ်မှူးကြီး မြင့်ဝေတို့က လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆွက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)