ကြည့်မြင်တိုင်မြို့နယ်၌ လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကျင်းပ

ကြည့်မြင်တိုင် ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ်၊ အ.ထ.က (၃) အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ကျင်းပခဲ့သည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ဆက်လက်၍ အ.ထ.က (၃) ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ချိုချိုဆင့်က လူငယ်နှင့် ပညာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ တင့်တယ်ခင်က လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ကြည့်မြင်တိုင်မြို့နယ်၊ အ.ထ.က(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စောဥမ္မာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိပညာပေး စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာ‌စောင်များကို တက်ရောက်လာကြသည့် ဆရာ၊ ‌ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ‌လေ့လာကြည့်ရှုကြကြောင်း သိရသည်။

စန္ဒာမိုး