ရေဦး ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ ပူပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က(၂)ဖိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်ငွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ Grade–9 ကျောင်းသူ မနိုရာလှိုင်က “လူငယ်နှင့်မူးယစ်ဆေး “ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–9 ကျောင်းသူ မလင်းသီရိအောင်က” လူငယ်နှင့်စာဖတ်ခြင်း”၊ ခေါင်းစဉ် ဖြင့်လည်းကောင်း၊ (Grade–10) ကျောင်းသူမအိမြတ်မောင်က” လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း၊ မရောင်စဉ်သူရိန် ( Grade -10 ) မှ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသူ မမေငြိမ်းကျော်က လူငယ်နှင့်မီဒီယာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများမှ ဆွေးနွေးပြောကြားချက်များအပေါ် မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်လူငယ်ရေးရာကော်မတီကကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။ ၎င်းနောက်လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတရသစာအုပ်များနှင့် အသိပညာပေးနံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုကာ ဖတ်လိုသောစာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သန်းသန်း (ရေဦး)