သာယာဝတီ သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကံကလေးကျေးရွာအုပ်စု၊ ကံကလေးကျေးရွာတွင် ယမန်နေ့ ညနေ ၅နာရီက မိုးရွာသွန်း၍ လေတိုက်ခတ်မှုကြောင့် ကုက္ကိုလ်ပင်အမြစ်ပွ၍ လူနေအိမ် ၂ လုံး လဲပြိုမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ကုက္ကိုလ်ပင်အမြစ်ပွလဲပြိုလဲ၍ လူနေအိမ် ပြိုကျမှုကြောင့် လူနေအိမ် သွပ်မိုး၊ထရံကာ ၁၀ပေ၊ ၁၅ပေ ဆုံးရှုံးမှုတန်ဖိုး လေးသိန်း၅သောင်းခန့်နှင့် လူနေအိမ်သွပ်မိုး၊ အုတ်ကာ ၁၅ပေ၊ ၂၀ပေ ဆုံးရှုံးမှုတန်ဖိုး သုံးသိန်းရှစ်သောင်းငါးထောင်ခန့် စုစုပေါင်းပျက်စီးမှုတန်ဖိုးမှာ ရှစ်သိန်းသုံးသောင်းငါးထောင်ကျပ် ခန့်ဆုံးရှုံးပျက်စီးခဲ့ပြီး နေအိမ် ၂လုံးမှ ကျား (၅)ဦး၊ မ(၁)ဦး၊ ပေါင်း(၆)ဦးတို့အား နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်၌ နေရာချထားပေးခဲ့ကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)