သတင်းများ

မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်နှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 29,2023
မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မော်လမြိုင်)တို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာ၌ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်ခြင်း သင်တန်းဆင်းပွဲကျင်းပ
Aug 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  ကျင်းပခဲ့သည်။        
နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများ ဝင်​ရောက်ယှဥ်ပြိုင်
Aug 29,2023
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၈)ရက်​နေ့တွင် ကျ​ရောက်မည့် “နိုင်ငံတကာစာတတ်မြောက်ရေး‌နေ့" အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများကို“ဗလငါးတန်ပြည့်စုံဖို့ စာတတ်မြောက်အောင်သင်ယူစို့” ခေါင်းစဥ်ဖြင့် မကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုး‌နှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ ငွေများ ပေးအပ်ပွဲကျင်းပ
Aug 29,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အမှတ်(၁) ခြေခံပညာ အထက်တန်း ကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းတွင် ပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီခွဲက အဆိုပိကျောင်းရှိ ခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ဓါတ်မြေသြဇာထောက်ပံ့ပေး
Aug 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် မိုးစပါးတိုင် အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဓါတ်မြေသြဇာ ကြဲပက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက မိုင်းဆတ်မြို့၊ မယ်နင်ကျေးရွာ တောင်သူဦးလွင်ခမ်း စိုက်ခင်းတွင် ကျင်းပသည်။
မြဝတီမြို့ရှိ အခြေခံပညာကျောင်းများ၌ စွန့်ပစ်အမှိုက်များ စနစ်တကျဖြစ်စေရေး အမှိုက်အိမ်ထောက်ပံ့ပေးအပ်ခြင်းနှင့် အသိပညာပေးဟောပြော
Aug 29,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက်  ၁၀ နာရီအချိန်က မြဝတီခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရေပူနှင့် အခြေခံပညာအထက်တန်းကျောင်း  (ဝါးတော)တို့၌   စွန့်ပစ်အမှိုက်များ  စနစ်တကျရှိစေရေး   အမှိုက်အိမ်များ  ထောက်ပံ့ပေးခြင်းနှင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
"နွယ်သိင်္ဂ္ဂီ" သီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်၊ ဆီ၊ သီလရှင်ဝတ်စုံနှင့် ဗလာစာအုပ်များ စုပေါင်းလှူဒါန်း
Aug 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများက "နွယ်သိင်္ဂ္ဂီ" သီလရှင်စာသင်တိုက်သို့ ဆွမ်း၊ ဆန်၊ ဆီ၊ သီလရှင်ဝတ်စုံနှင့် ဗလာစာအုပ်များ လှူဒါန်းမှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက  အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။