ကသာပညာရေးဒီဂရီကောလိပ်၌ စာပေဟောပြောပွဲ အခမ်းအနားပြုလုပ်

ကသာ ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် လူငယ်လူရွယ်များကို နှလုံးသားအာဟာရ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စာပေဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကသာပညာရေးဒီဂရီ ကောလိပ်ကျောင်း ဘက်စုံသုံးအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကသာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကသာခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက  “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများကို ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ ကသာမြို့နယ် စာရေး ဆရာ အသင်းအဖွဲ့ဝင် ဆရာဦးသန်းဦး (ကြယ်ပြောင်ကသာ)က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ကသာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးဘမောင် (ကိုဘ ကသာ)က “စောင့်ထိန်းစို့လေ ပြည်ထောင်စု အမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း  စသည်တို့ကို အသီးသီး ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ကသာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က “ရေကန်တောင်တော် သမိုင်းစာအုပ်နှင့် ကမ်းသာမြေကဖိတ်ခေါ်သံ” စာအုပ်များအား ကသာပညာရေးဒီဂရီ ကောလိပ်သို့ လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး အသိပညာပေး ဟောပြောပေး ခဲ့ကြသော ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ကသာမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ကို ကသာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)