တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ထားဝယ်   ဩဂုတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဝိုင်းဝန်းပြီးအကြံပြုဆွေးနွေးနိုင်ရန်အတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းအနေဖြင့် အရေးကြီးသည်မှာ ကုန်ဈေးနှုန်း မတက်နိုင်အောင် ထုတ်လုပ်မှုနှင့်သုံးစွဲမှုအပေါ်မူတည်ကြောင်း၊ အထူးသဖြင့် တိုင်းဒေသကြီးတွင် အဓိကအခြေခံ စားကုန်ဖြစ်သော ဆန်၊ ဆီသည်အဓိကဖြစ်ကြောင်း၊ ဆန်စပါးစိုက်ပျိုးမှုရှိ သော်လည်းထွက်နှုန်း အနေဖြင့် ၇၄ % ကျော်သာရှိပြီးတိုင်းဒေသကြီးတွင်ဆန်ဖူလုံမှုရှိမှသာ မှီခိုကင်းမဲ့စွာရပ်တည်နိုင်မည် ဖြစ်ကြောင်း၊ ဆန်ဖူလုံမှုရရှိရေးလိုအပ်ချက်များရှိနေသည့်အတွက် အခြားတိုင်းဒေသကြီး/ ပြည်နယ် များမှတင်သွင်း နေရပြီးဖြန့်ဖြူး ပေးနေရကြောင်း၊  ဆီဖူလုံမှုသည်လည်းအရေးကြီးပြီး တိုင်းဒေသ ကြီးတွင်ဆီအုန်းဧက(၄ သိန်း)ခန့်ရှိကြောင်း၊  ဆီအုန်းမှဆီချောထုတ်လုပ်နိုင်မည်ဆိုပါက လုံလောက် စွာ စားသုံးနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆီတန်(၂၀) စက်ရုံ တည်ဆောက်နိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိပြီး တစ်ရက်လျှင်တန်(၂၀)ကျ မည်ဆိုပါက တစ်တန်ပိဿာ(၆၀၀)တန်(၂၀) တစ်သောင်းကျော်ကျနိုင်သည့်အတွက် တိုင်းဒေသကြီးအတွင်း ဆီဖူလုံလာမည်ဖြစ်ပါကြောင်း၊ ဒေသအတွက်အဓိကပံ့ပိုးမှုဆောင်ရွက်ပေးရမည့် စိုက်ပျိုးရေးဦးစီး ဌာနနှင့်ဆက်စပ်ဌာနဆိုင်ရာ  တာဝန်ရှိသူများက  ပူးပေါင်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင်ဒေသထွက်ကုန်များစွာရှိပြီး ပင်လယ်မှ ပုဇွန်၊ ဂဏန်း၊ ငါး၊ ပုလဲ စသည့် ရေထွက် ကုန်များစွာရှိကြောင်း၊ ဒေသအလိုက်ဆန်ဖူလုံမှုသည် အရေးကြီးကိစ္စရပ်ဖြစ်၍ စီမံချက်ချမှတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့်လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ကုန်ဈေးနှုန်းတည်ငြိမ်ရေးတွင် သား၊ ငါး နှင့်မီးဖိုချောင်သုံး ပစ္စည်းများအပါအဝင် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေး တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)