ခန္တီးမြို့နယ်တွင်ဒညင်းသီးများစျေးကောင်းပေးဝယ်၍ ဥယျာဉ်မြေလုပ်ကိုင်သူများ ဝင်ငွေတိုးရရှိ

ခန္တီး ဩဂုတ် ၂၉

နာဂတောင်တန်းဒေသ ခန္တီးမြို့နယ်တွင် ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများသည် တောတောင်ရေမြေ သဘာဝအလိုက် တောင်သူလုပ်ငန်းများလုပ်ကိုင် စားသောက်လျက်ရှိရာ ယခုနှစ်တွင် ဒညင်းသီးအထွက်နှုန်းများပြားလျက်ရှိသည်။

ထို့ကြောင့် ဥယျာဉ်ခြံမြေလုပ်ကိုင်သူများမှ ထောပတ်၊ သရက်၊ လိမ္မော်၊ ကပလာ၊ ဒညင်းစသည့်အပင်များ နှစ်ရှည်စိုက်ပျိုးထားပြီး နှစ်ရှည်ပင်မှထွက်ရှိသည့် အသီးအနှံများကို ပြည်တွင်းအနှံ ရောင်းချလျက်ရှိသည်။

ယခင်နှစ်များထက် ဒညင်းသီးအထွက်နှုန်းများပြားလျက်ရှိပြီး စျေးကွက်ကောင်းရရှိကြောင်း ဒညင်းသီးအလုံး (၁၀၀) ကိုယခင်နှစ်က ၅၀၀/- ကျပ် ၆၀၀ ကျပ်မျှသာရရှိပြီး ယခုနှစ်တွင် ၁၂၀၀/- ကျပ်ရရှိရောင်းချရပါကြောင်း ဒညင်းတစ်ပင်တွင် အလုံးပေါင်းသိန်းကျော် ထွက်ရှိလျက်ရှိပါကြောင်း ပြည်တွင်းစျေးကွက်အလိုက် ကုန်စည်ဆီစီးဆင်းလျက်ရှိပါကြောင်း ဥယျာဉ်ခြံမြေလုပ်ကိုင်သူတောင်သူတစ်ဦးထံမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)