မြစ်ကြီးနားတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ဂျူဒိုသင်တန်း ဖွင့်ပွဲကျင်းပ

မြစ်ကြီးနား သြဂုတ် ၂၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဂျူဒိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၈ ရက် မွန်းလွဲ ၃ နာရီက မြစ်ကြီးနားတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်သူက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ဂျူဒိုသင်တန်း နည်းပြချုပ် ဦးဝဏ္ဏထွန်းက သင်တန်းတွင်သင်ကြားပေးသွားမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်မှ လက်ခံရယူခဲ့ပြီး မြစ်ကြီးနားတက္ကသိုလ် ဂျူဒိုအသင်းမှ ကျောင်းသား/ သူများက သရုပ်ပြသခဲ့ကြပြီး အဆိုပါ သင်တန်းကို သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်‌နေ့အထိ အခြေခံကျနည်း (၇) မျိုး၊ ဂျွန်းထိုးနည်း၊ ချုပ်နည်းနှင့် ကိုင်ပေါက်နည်းများအား ပြန်လည်မွန်းမံ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် တက္ကသိုလ်ကျောင်းသား/ သူ (၇၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)