သာစည်မြို့နယ် သာစည် - ညောင်ရမ်းမှ  ပေါက်တောလမ်းပေါ်ရှိ Triple Box Culvert နှင့် Causeway တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

သာစည် ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ် သာစည် - ညောင်ရမ်းမှ ပေါက်တောလမ်းပေါ်ရှိ Triple Box Culvert နှင့် Causeway တည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

သာစည်မြိုနယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လမ်းတံတားများအား နှစ်စဉ်ပြုပြင် တည်ဆောက်ပေးလျက်ရှိရာ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၀၀.၀၀) ဖြင့် သာစည် - ညောင်ရမ်းမှ ပေါက်တောလမ်းပေါ်ရှိ Triple Box Culvert (10.98mx6.1m) နှင့် Causeway   (54.87mx13.72m)တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (ပထမပိုင်း ) စတင်ဆောင်ရွက်ခဲ့ပြီး ၊၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း( ၆၅.၅၀၀)  ဖြင့် (ဒုတိယပိုင်း ) ဆက်လက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါ သာစည် - ညောင်ရမ်းမှ ပေါက်တောလမ်းပေါ်ရှိ  Triple Box Culvert နှင့် Causeway တည်ဆောက်ခြင်းလုပ်ငန်းကို  ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ လျာထား၍  လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးခြင်းကြောင့် ပေါက်တော (အရှေ့) ၊ ပေါက်တော (အနောက်)၊ အင်းရွာ ၊ ဆင်ဝင် ၊ သမန်းကန်၊ ကြာကန်ကျေးရွာများရှိ အိမ်ခြေ ၈၅၀ အိမ်၊ လူဦးရေ ၃၆၅၈ ဦး တို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးတို့အတွက် များစွာ အထောက်အကူရရှိပြီး ရာသီမရွေး အဆင် ပြေချော့မွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း  သိရသည်။ 

 မြို့နယ်(ပြန်/ဆက်)