တမူးခရိုင်လူထုအခြေပြုဗဟိုဌာန၌ဝန်ထမ်းများအားVIDEO EDITING ပြုလုပ်နည်း သင်တန်းဖွင့်လှစ် သင်ကြားပေး

တမူး သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ သြဂုတ်လ (၂၇) ရက်နေ့ နေ့လယ် (၂) နာရီအချိန်က ဝန်ထမ်းများအား VIDEO EDITING ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးညီညီဇော်က ယ​နေ့ ပြည်သူများ၏ သတင်းရယူသုံးစွဲမှုပုံစံသည် ပြောင်းလဲလာသည့် နည်းပညာများနှင့်အညီ ပြည်သူအများစုသည် မိုဘိုင်းဖုန်းများမှတဆင့် သတင်းများကို ကြည့်ရှု​နေ​ကြကြောင်း မိမိတို့ဦးစီးဌာနအ​နေ​​ဖြင့် ပြောင်းလဲလာသည့် သတင်းစီးဆင်းမှုများအရ အများစုအသုံးပြု​ကြသည့် အွန်လိုင်းမီဒီယာများမှ ရိုက်ကူးထုတ်လွှင့်​ပေးလျက်ရှိပါကြောင်း​ ဝန်ထမ်းများအနေဖြင့် ဗီဒီယိုသတင်းများရိုက်ကူးပေးပို့ရာတွင် ဌာန၏လမ်းညွှန်ချက်များနှင့်အညီ နည်းစနစ်မှန်ကန်စွာဖြင့် ကျွမ်းကျင်မှုရှိပြီး အရည်အသွေးပြည့်မှီသော ဗီဒီယိုသတင်းများပေးပို့နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်း ကKinemaster Application အသုံးပြု၍ ဗီဒီယိုတည်းဖြတ်နည်းအဆင့်ဆင့်ကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး သြဂုတ်လ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ( ၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ

တမူးခရိုင် (ပြန်/ဆက်)