ရေဦး ဩဂုတ် ၂၉
ကလေးငယ်များ အရောင်မှန်ကန်စွာ ရွေးချယ်တတ်စေရန်၊ ယှဉ်ပြိုင်လိုစိတ်များ ကိန်းအောင်းစေရန်နှင့် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် ၁၀ နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၄၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု(၁)၊ အထူးဆု(၂) ရရှိ ခဲ့ကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းသန်း(ရေဦး)