စလင်း သြဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃)အုပ်စုတို့မှ အိမ်ခြေ(၃၀)အိမ် အိမ်ထောင်စု(၃၀)စုတို့ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာနှင့်နီးစပ်၍ မြစ်ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုဝင်မိသားစုများအား သြဂုတ်လ(၂၅)ရက်နေ့ နံနက် ၁၁ နာရီ ၄၅ အချိန်က ရွှေ့ပြောင်းခဲ့ကြပြီး၊ ယနေ့ သြဂုတ်လ(၂၉)ရက် နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်အတွင်း၌ အိမ်ဆောက်ပစ္စည်းဖိုး ငွေနှင့် စားနပ်ရိက္ခာဖိုးများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်းက တက်ရောက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှေးဦးစွာ ရှင်းလင်းပြောကြားခဲ့သည်၊၂၀၂၃ ခုနှစ် သြဂုတ်လ ၂၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ကျေးရွာများနှင့်နီးစပ်၍ ဧရာဝတီမြစ်ကမ်းပါးပြိုကျမည်စိုးရိမ်ရသဖြင့် ကျေးရွာအုပ်စု (၃)စုဖြစ်သည့် ပေါက်လေးပင်၊ ကျောက်ရဲကျွန်း၊ သနပ်ကုန်းကျေး ရွာအုပ်စုအတွင်းရှိ ကျေးရွာ (၈)ရွာတို့မှ အိမ်ထောင်စု(၃၀)စု၊ အိမ်ခြေ(၃၀)အိမ်တို့မှ လူဦးရေ (၁၀၄)ဦးတို့ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်လျက်ရှိရာ အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်နှုန်း၊ လူတစ်ဦးလျှင် စားနပ်ရိက္ခာဆန်ဖိုး (၂၁၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၃၀)စု၊ လူဦးရေ (၁၀၄)ဦးတို့အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၃၃၁၈၄၀၀)သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်တို့က ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ဘေးသင့်မိသားစုများထံသို့ ထောက်ပံပေးအပ်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ၊ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)