သံတွဲ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ခင်စောတင့် (ဘာသာပြန်) ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်တွင်ပါရှိသည့် “လမ်းလျှောက်ထွက်ကြမယ်” “ဆောင်းပါးအား ဖတ်ကြားဆွေးနွေးခဲ့သည်။
၎င်းနောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Women Club အဖွဲ့ဝင် ဒေါ်ခင်မူက ရွေ့လျားစက်လှေခါးပေါ်မှသူစိမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မိုးမိုးအေးက “အချိန်အခါကိုသိပါ”၊ ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ထွေးက “ထိုတစ်ည” ဒေါ်သင်းသင်းမာက “မွေးမေမေနဲ့ကျွေးမေမေ” ခေါင်းစဉ်များဖြင့်အသီးသီး ဖတ်ကြားဆွေနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူးက ဖတ်ကြားဆွေးနွေးမှုများအပေါ် ပြန်လည်ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။
ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊ အသိပညာပေးဟောပြောပွဲများနှင့် ဆွေးနွေးပွဲ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
သန့်ဇင်(ခရိုင်ပြန်ဆက်)