လပွတ္တာ သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တူမြောင်း ကျေးရွာအုပ်စုအတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံပွဲကို သြဂုတ် ၂၇ ရက်နေ့ ၉ နာရီအချိန် တူးမြောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရ၊ အဖွဲ့ဝင်(၂) ဦးနိုင်ဦးမြို့နယ် ရဲတပ် ဖွဲ့မှူး ဒုရဲမှူး တင်မောင်သက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး (၅)ကြောင်းသည် တူမြောင်းအုပ်စုရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၃၅)ဦးနှင့် ဒေသခံပြည်သူ (၁၅၁)ဦး၊ စုစုပေါင်း (၁၈၆)ဦးတို့နှင့် တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ် များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ်စီးနင်း/ မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသော ဦးထုပ်ကို ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက်ပိုမစီးရေးစသည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရန်၊ ည ၁၂ နာရီမှ နံနက် ၄ နာရီ အချိန်ထိ ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း အသိပညာပေး ဟောပြောခဲ့ ကြပြီး တူးမြောင်းကျေးရွာရှိ ပြည်သူ(၁၂)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
လပွတ္တာ ခရိုင်ပြန်/ဆက်