သာစည် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် မိတ္ထီလာ-တောင်ကြီးလမ်းမှ ညောင်တို-သမန်းကန်-ပေါက်တောလမ်းပေါ်ရှိ တံတားကြမ်းခင်း ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာ-တောင်ကြီးလမ်းမှ-ညောင်တို-သမန်းကန်-ပေါက်တော လမ်းပေါ်ရှိ ပြည်သူများ အသုံး ပြုလျက်ရှိသော မူလသစ်သားကြမ်းခင်း တံတားအရှည် 24.38 m အား U Channel ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံငွေရင်း ရန်ပုံငွေ (၇၈.၈၄၀ သန်း) ဖြင့် ၁.၇.၂၀၂၃ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ရာ U channel ကြမ်းခင်းပြုပြင်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မိတ္ထီလာ-တောင်ကြီးလမ်းမှ-ညောင်တို-သမန်းကန်-ပေါက်တော လမ်းပေါ်ရှိကြမ်းခင်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခြင်းကြောင့် ညောင်တို ၊ ရုံးတော ၊ သမန်းကန် ၊ ကြာကန်ကျေးရွာများမှ အိမ်ခြေ (၇၅၁)အိမ် ၊ လူဦးရေ (၃၂၅၇)ဦး တို၏ စီးပွားရေး လူမှုရေး ၊ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အတွက် ရာသီမရွေး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
မြိုနယ်(ပြန်/ဆက်)