ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်တန်းဖွင့်ပွဲနှင့် မီးသတ်ရေယာဉ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၃၁       

ပဲခူးမြို့၊ ငါးလုပ်ငန်းပညာပေးသင်တန်းကျောင်း၌ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်နိုင်ရေး အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် မီးသတ်ရေယာဉ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ရေထွက်သယံဇာပေကြွယ်ဝပြီး ဒေသတွင်းသာမက အခြားတိုင်းဒေသကြီး/ပြည်နယ်များအထိ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး ရေထွက်ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်တွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြုဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်ကြားပို့ချပေးမည့် ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်ခန်းစာများအား စိတ်ပါဝင်စားစွာ သင်ယူမှတ်သားပြီး အရည်အသွေးကောင်းမွန်ပြီး ဘေးဥပဒ်ကင်းသော ရေထွက်ကုန်ပစ္စည်းထုတ်လုပ်မှုများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေးနှင့် ပြည်ပသို့ပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူးဦးညွန့်ဝင်းက ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ခန်းစာများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် (6x6) Fire Fighting Vehicle မီးသတ်ယာဉ်()စီး လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့ရာ မီးသတ်ရေယာဉ်များနှင့်ပတ်သက်၍ အချက်အလက်များအား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက လိုက်လံရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မီးသတ်ယာဉ်များ ဝယ်ယူဖြည့်တင်းပေးခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရေး လုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ်များအား လိုအပ်သည့်ဒေသများသို့ ချက်ခြင်းခွဲဝေချထားပေးရန်နှင့် မီးသတ်သမားများအား မီးသတ်ယာဉ်များနှင့် အကျွမ်းတဝင်ရှိစေရေးလေ့ကျင်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများပို့ချပေးခြင်း၊ ဇာတ်တိုက်လေ့ကျင်ခြင်းများ စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် နေ့စဉ်အချိန်ပြည့် ယာဉ်အသင့်၊ စက်အသင့်၊ လူအသင့်ဖြစ်ရန် ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် (6x6) Fire Fighting Vehicle မီးသတ်ယာဉ်()စီးအား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် မီးသတ်ယာဉ်များမှ သရုပ်ပြမီးငြှိမ်းသတ်ခြင်းအားပြသခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။  

အဆိုပါ (6x6) Fire Fighting Vehicle မီးသတ်ယာဉ်()စီးသည် ရေဂါလံ(၂၈၀၀)နှင့် မီးသတ်ဆေးရည်အမြှုပ်(၉၀၀)ဂါလံဆံ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၆၀၀၀)ဖြင့် ဝယ်ယူပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)