ဒေးဒရဲမြို့နယ်၌ ရဟန်း၊ သံဃာတော်၊ သီလရှင်များအား ဝါတွင်းကာလ အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူ
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းတိုက်များရှိ သာသနာ့နွယ်ဝင် ရဟန်း၊ သံဃာတော်၊ သီလရှင်များ ဆွမ်း၊ ဆွမ်းဟင်းများ ပြည့်စုံမျှတစေ ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဝါတွင်းကာလ လပြည့်၊ လကွယ် ဥပုသ်နေ့တိုင်း အရုဏ်ဆွမ်း ဆပ်ကပ်လောင်းလှူခြင်းကို ယနေ့ နံနက် (၄) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။