သတင်းများ

ရမည်းသင်းမြို့ စီပင်စိုက်ပျိုးရေးသုတေသနခြံ၌ နေကြာ(၅၀)ဧကသုတေသန စိုက်ကွင်းသရုပ်ပြသ
Sep 05,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယမန်နေ့ညနေ ၅ နာရီအချိန်က ရမည်းသင်းမြို့၊ တဘက္ကာကျေးရွာအနီး၊ စီပင်စိုက်ပျိုးရေးသုတေသနခြံ၌ ဆင်းရွှေကြာ၂နေကြာမျိုးသန့်မျိုး စေ့ထုတ်လုပ်ခြင်း(၅၀)ဧက စိုက်ကွင်း ကြည့်ရှုစစ်ဆေးသည်။
ခရမ်းမြို့နယ် အေးရွာကျေးရွာတွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်သန်းနှင့်အတူဝန်ထမ်းများ၊ အေးရွာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ်၊ ဇီးဖြူပင်ကျေးရွာဘုန်းတာ်ကြီး ကျောင်းဓမ္မာရုံတွင် ယမန်နေ့နံနက်(၉:၀၀)နာရီမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ဆီဆိုင်မြို့ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ
Sep 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ဆီဆိုင်မြို့ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထား သည့် ချေးငွေများအား အကျိုးရှိစွာ အသုံးချမှုအပေါ် ကချင်ပြည်နယ် စိစစ်ကြပ်မတ်ရေးအဖွဲ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 05,2023
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများအကျိုးရှိစွာ အသုံးချမှုအပေါ် ကချင် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသား/ကျောင်းသူများအတွင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာရေး စာဖတ်ဝိုင်းကျင်းပ
Sep 05,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ပူးပေါင်း၍ စာရေးဆရာ မင်းဗထူးရေးသားသော“ ခေါင်းဆောင်နှင့် သူ၏စကား ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား သုံးခွမြို့နယ်၌ ကျင်းပ
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း သင်တန်းများဆင်းပွဲကျင်းပ
Sep 05,2023
မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လက်ရက်ကန်း၊ ဖဲနှတ်ကောက်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနား ပြင်ဦးလွင်မြို့တွင် ကျင်းပ
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ  အသေးစားစက်မှုလက်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၄ နာရီအချိန်က ပြင်ဦးလွင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးပြည့်ဖြိုးဟန်နှင့် ဦးသောင်းမြင့်သိန်း၊ ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ စုံလင်စွာတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး  ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေနှင့်ပတ်သက် သည့် အကြောင်းအရာများနှင့် ချေးငွေရယူသူ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စာချုပ်ပါ စည်းကမ်းချက်များအား  အသေးစိတ် ရှင်းလင်းပြောကြားသည်။