သတင်းများ

ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်
Sep 05,2023
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) နတ်ကြီးချောင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ 
Sep 05,2023
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦီးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ပဲခူးမြို့အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
မချမ်းဘောမြို့နယ်၌ ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 05,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် လူငယ်များအားကစားစိတ်ဓာတ် ပိုမိုမြှင့်တင်လာစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်များ လျော့ကျလာစေရန် ရည်ရွယ်၍ မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံး ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံခြားဘာသာတက္ကသိုလ်(မန္တလေး)တွင် လူငယ်များ ဉာဏဗလနှင့် စာရိတ္တဗလဖွံ့ဖြိုးရေးလှုပ်ရှားမှု အခမ်းအနား ကျင်းပ
Sep 05,2023
နိုင်ငံခြားဘာသာတက္ကသိုလ်(မန္တလေး) ၏ လူငယ်သီတင်းပတ်၊ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှု အစီအစဉ်အဖြစ် ဉာဏဗလနှင့် စာရိတ္တဗလဖွံ့ဖြိုးရေးလှုပ်ရှားမှု အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး) Cultural Room တွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်တင့်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ဆရာမများ နှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၈၀)ဦး တက်ရောက်ကြသည်။
ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်တောင်သူများအား သီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေး ဟောပြော
Sep 05,2023
“လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော သွင်းအားစုများမှန်ကန်စွာထည့်သွင်းသုံးစွဲ၍ အရည်အသွေးပြည့်မီသော သီးနှံများထုတ်လုပ်ရာတွင်အဆင်ပြေစေရေးအတွက် ယနေ့နံနက်က ချောင်းဆုံမြို့နယ် မရမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူများအား သီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး ပညာပေးဆောင်ရွက်ခဲ့ကြသည်။   
အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်
Sep 05,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဥာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နံနက် ၁၀ နာရီခွဲအချိန်က အ.လ.က (ခွဲ)ရေသိုးကျောင်းနှင့် အ.မ.က(မူလွန်)ကွမ်းသီးခြံကျောင်းသို့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အခြေခံစားကုန်နှင့် သားငါးကုန်ဈေးနှုန်းတည်ငြိမ်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Sep 05,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အခြေခံစားကုန်နှင့် သားငါး ကုန်ဈေးနှုန်းတည်ငြိမ်ရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၅ ရက်နေ့နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြာသည်။