သတင်းများ

ခရမ်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဥ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ခရမ်းမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ညနေ(၄)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 05,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းလုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
မြန်အောင်၌ အခြေခံစားသောက်ကုန် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ အခြေခံစားသောက်ကုန်ဖြစ်သော စားအုန်းဆီကို စျေးနှုန်းသက်သာစွာဖြင့် မြန်အောင် မြို့နယ် ညောင်မြစ်ဆွဲကျေးရွာအုပ်စု ညောင်မြစ်ဆွဲကျေးရွာနှင့် အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယမန်နေ့ နေ့လယ်က ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
Sep 05,2023
၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရေဦးမြို့တွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး ဓာတ်အားလိုင်းများပြုပြင်
Sep 05,2023
စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ခင်ဦး-ရေဦးသို့ ချိတ်ဆက်ပေးထားသော ၃၃ ကေဗွီဓာတ်အားလိုင်း တာဝါတိုင်နှစ်ခု ကြား ဓာတ်အားလိုင်းကြိုးသည် ဝန်အားမနိုင်ဖြစ်ကာ မူးမြစ်အတွင်း လိုင်းကြိုးများလျော့ကျနေ သည့်အတွက် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက မူးမြစ်အတွင်းကွင်းဆင်းပြုပြင်ပေးခဲ့ကြ သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် လူငယ်နှင့်အားကစားကဏ္ဍဆိုင်ရာ စကားရည်လုပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ ဆုချီးမြှင့်
Sep 05,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်အားကစားကဏ္ဍဆိုင်ရာ စကားရည်လုပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ ဆုချီးမြှင့်ပွအခမ်းအနားကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာဆိုင်အရောင်းဆိုင်များအား စျေးနှုန်းတည်ငြိမ်စွာ ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများ သွင်းအားစုဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဓာတ်မြေသြဇာအရောင်းဆိုင်များတွင် စျေးနှုန်းတည်ငြိမ်စွာ ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀) က သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စကုမြို့၌ အခြေခံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်ပို့ချ
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(BDMC) အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲငယ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။