ငဖဲမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံပေး
Sep 05,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးသည့် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက်အဘိုးအဘွားများ၊ ရဟန်းသံဃာတော်များနှင့် ပြည်သူများအား Booster Dose ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ငဖဲမြို့မရပ်ကွက်ဓါတ်တော်ဓမ္မာရုံနှင့် ချောင်းဖြူကျေးရွာဓမ္မာရုံတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။