သတင်းများ

မင်းလှမြို့နယ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းများတာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် အနာဂတ် လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က (အ-ထ -က) ဘက်ရဲကျောင်း တေဇခန်းမတွင် ကျင်းပပြုလုပ်သည်။
သံတောင်ကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရေးဆွဲနည်းနှင့် AVIP သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Sep 05,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံကိန်းရေးဆွဲနည်းနှင့် Annual  Village Investment Programme (AVIP)သင်တန်း  ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းပျဥ်းမြို့၌ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်) လများအတွက် MCCT ထောက်ပံ့ငွေများ ပေးအပ်ခြင်း
Sep 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်ပျဥ်းမြို့တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်) လများအတွက် လူမှုဝန်ထမ်းဦးစီဌာန၏ MCCT ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို မိုင်းပျဥ်းမြို့ မြို့နယ်အထွေထွေစီမံအုပ်ချုပ်ရေဦးစီဌာန ရုံးအစီးအဝေးခမ်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရှိရသည်။
သံတောင်ကြီးဒေသတွင်လက်ဖက်စိုက်ပျိုးသူများပိုမိုများပြား
Sep 05,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက်ရွက်နုများ ထွက်ရှိချိန်တိုင်းတွင် ခူးယူရောင်းချနိုင်သည့်အတွက် ဒေသခံတောင်သူများမှာ မိမိတို့ ဉယျဉ်ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်းသိရသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ လူငယ်သီတင်းပတ်ပွဲတော်ကျင်းပ
Sep 05,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် လူငယ်သီတင်းပတ်ပွဲတော်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။
ကော့သောင်းမြို့တွင်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျရာ နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီး
Sep 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် အေးရိပ်ငြိမ်ရပ်ကွက်တွင် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျရာ အိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre စာပေချစ်မြတ်နိုးသူ Club အသင်းများပူးပေါင်း၍ တာဝန်သိစိတ် တာဝန်ယူစိတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ Club အသင်းများ ပူးပေါင်း၍ ကလောင်စုံရေးသားသည့် “တာဝန်သိစိတ်တာဝန်ယူစိတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။