သံတောင်ကြီးဒေသတွင်လက်ဖက်စိုက်ပျိုးသူများပိုမိုများပြား

သံတောင်ကြီး စက်တင်ဘာ  ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက်ရွက်နုများ ထွက်ရှိချိန်တိုင်းတွင် ခူးယူရောင်းချနိုင်သည့်အတွက် ဒေသခံတောင်သူများမှာ မိမိတို့ ဉယျဉ်ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်းသိရသည်။

အဆိုပါ  ဒေသခံပြည်သူများမှာ အများအားဖြင့်(၁)နှစ်သားလက်ဖက်ပျိုးပင်များကို စိုက်ပျိုးပြီး(၅)နှစ် ခန့် တွင် လက်ဖက်အရွက်နုများ စတင်ခူးယူနိုင်သည် ။လက်ဖက်အရွက်နုများမှာ နွေ၊ မိုး၊ ဆောင်းရာသီတိုင်း တွင် အရွက်နုများထွက်ရှိပြီး  မိုးတွင်းအချိန်တွင် လက်ဖက်အရွက်နုများကို  ခူးယူကာ  မနူးတနူးပြုတ်၍  လက်ဖက်စိုပြုလုပ်ပြီး   ပလပ်စတစ်  (သို့မဟုတ်) ဖက်ရွက်ဖြင့် ပြန် လည် ထုတ်ပိုးကာ သံတောင်ကြီး မြို့တွင် သာမကတောင်ငူမြို့ရှိ လက်ဖက်စိုအဝယ်ဒိုင်များတွင်   ရောင်းချလျက်ရှိကြောင်း လက်ဖက် စိုက်ပျိုးလုပ်ကိုင်သူ တောင်သူ ဦးစောဖရက်ထံက သိရသည်။

နော်နော်မူ