သံတောင်ကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရေးဆွဲနည်းနှင့် AVIP သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သံတောင်ကြီး  စက်တင်ဘာ  ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံကိန်းရေးဆွဲနည်းနှင့် Annual  Village Investment Programme (AVIP)သင်တန်း  ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ  ဦးဆန်းဗိုလ်က အမှာစကားပြောကြားပြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်းဦးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရရှိသည့် ကျေးရွာများမှ တက်ရောက် လာသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့်သင်တန်းတွင် ပို့ချခဲ့သည်များကိုလက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်သွားကြရန်ပြောကြားပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံကိန်းရေးဆွဲနည်းနှင့် AVID သင်တန်းတွင် ပြည်သူကိုဟိုပြုစနစ်ဖြင့်PRA Tools အသုံးပြု၍ကျေးရွာ သယံဇတမြေပုံများ ရေးဆွဲခြင်း၊ ရာသီခွင်ပြ က္ခဒိန်ရေးဆွဲခြင်း ၊ကိန်းကဏန်းအချက်အလက်များ ကောက်ယူခြင်း၊ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များဖြင့်(၄၈)ဇယားတည်ဆောက်ခြင်း၊ (၄၈)ဇယားကို ကဏ္ဍအလိုက် စိစစ်သုံးသပ်ပြီး ကျေးရွာ၏လို အပ်ချက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ထုတ်ခြင်း၊ ယင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုဦးစားပေးအစီအစဉ်အလိုက် နှစ်စဉ်ရန်ပုံငွေရှာဖွေ၍ ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းစသည့်သင်ခန်းစာများကို မြို့နယ်ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများကပို့ချဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ