မိုင်းပျဥ်း စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်ပျဥ်းမြို့တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်) လများအတွက် လူမှုဝန်ထမ်းဦးစီဌာန၏ MCCT ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို မိုင်းပျဥ်းမြို့ မြို့နယ်အထွေထွေစီမံအုပ်ချုပ်ရေဦးစီဌာန ရုံးအစီးအဝေးခမ်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေစီမံအုပ်ချုပ်ရေးမှူး ဦးမြင့်ဝန်က MCCT ထောက်ပံ့ငွေများပေးအပ်းရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ်စုစုရီက MCCT ထောက်ပံငွေပေးအပ်ရန် ကိုယ်ဝန်ဆောင်အမျိုးသမီး (၄၄၂)ဦး၊ အသက်(၂)နှစ်အောက်ကလေး (၁၇၄၃)ဦး စုစုပေါင်း (၂၁၈၅) ဦးရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများရရှိငွေအား သုံးပိုင်းခွဲခြားထားခြင်း၊ အသက်(၂)နှစ်အောက် ကလေးများရရှိငွေအား သုံးပိုင်းခွဲခြားထားခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မိုင်းပျဥ်းမြို့ နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာ(၃၁)အုပ်စုမှ တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် MCCT ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ(၃၁)အုပ်စုမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်နောင်ထွန်း(ပြန်/ဆက်)