၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ကျောက်တံခါး ဇူလိုင် ၂၈

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အ-ထ-က(ကျောက်တံခါး)၊ အ-ထ-က (ပဲနွယ်ကုန်း)၊ အ-ထ-က(ဖဒို)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယမန်နေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၁၁၄၆ ဦးတွင် ၃၈၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က(ကျောက်တံခါး)၊ အ-ထ-က(ပဲနွယ်ကုန်း)၊ အ-ထ-က(ဖဒို) စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းအား အ-ထ-က(ကျောက်တံခါး)၊ အ-ထ-က(ပဲနွယ်ကုန်း)၊ အ-ထ-က(ဖဒို)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖြေဆိုသူ(၁၁၄၆)ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၃၈၂) ဦးအောင်မြင်ခဲ့ကြောင်း တစ်ဘာသာဂုဏ်ထူးရှင် (၂၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၉)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင်(၁)ဦးနှင့် ရိုးရိုးအောင်(၃၂၁)ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)