လက်ပံတန်း၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

လက်ပံတန်း ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန ၄ ခုတွင် ယမန်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား/သူ ၇၄၉ ဦးတွင် ၂၄၉ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ‌အောင်စာရင်းများကို မြို့နယ်အတွင်းရှိ အထက(၁)၊ အထက(ခမုံ)၊ အ.ထ.က (ဇီးဖြူကုန်း)၊ အ.ထ.က(သာရဝေါ)စာစစ်ဌာန ၄ ခုတို့၌ တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့သည့် ကျောင်းသား/သူများ၏ အောင်စာရင်းများအား ​ ထုတ်ပြန်ကြေညာထားပြီး တစ်မြို့နယ်လုံး၏ အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ထားကြောင်း၊ ဖြေဆိုသူ ၇၄၉ ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၂၄၉) ဦး အောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး၊သုံးဘာ သာဂုဏ်ထူးရှင် (၈)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၄)ဦးနှင့် ရိုးရိုးအောင် (၂၂၈)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)