ရေး ဇူလိုင် ၂၈
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာပေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ်ပညာရေးမှူးရုံးတွင်လည်း တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ထုတ်ပြန်ကြေညာရာတွင် ရေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းတွင်းဖြေဆိုသူ ၅၉၅ ဦးနှင့် ပြင်ပဖြေဆိုသူ ၁၂၁ ဦးရှိရာ ဝင်ရောက်ဖြေဆိုသူအားဖြင့် စုစုပေါင်း ၇၁၆ ဦးအနက်မှ အောင်မြင်သူဦးရေ စုစုပေါင်း ၁၉၀ ဦးရှိပြီး မြန်မာစာဂုဏ်ထူးရှင် ၆ ဦး၊ ဓာတုဗေဒဘာသာရပ်ဂုဏ်ထူးရှင် ၁၂ ဦး၊ ရူပဗေဒဘာသာရပ်ဂုဏ်ထူးရှင် ၉ ဦး၊ ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးရှင် ၅ ဦး၊ ဘောဂဗေဒဘာသာရပ်ဂုဏ်ထူးရှင် ၆ ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ ၃၈ ဦးရှိ၍ ဖြေဆိုသူအောင်ချက်ရာခိုင်နှုန်း ၂၆ ဒသမ ၅၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရှင်းသန့်ဖြူ