လပွတ္တာမြို့နယ်၌ ရပ်ရွာအခြေပြု လူသုံးကုန်ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လပွတ္တာ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူငယ့်အားမာန်သင်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က လူမှုဝန်ထမ်းရုံးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး ရပ်ရွာအခြေပြု လူသုံးကုန်ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူးက ရပ်ရွာအခြေပြု သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းပြုလုပ်ရာတွင်ပါဝင်သည့် ဆက်စပ်ပစ္စည်းများအား ကြည့်ရှုအားပေးရာ သင်တန်းနည်းပြဆရာမများက ပြုလုပ်ဆောင်ရွက်ပုံအဆင့်ဆင့်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ရေး‌အဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိနွယ်နှင့်အဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုအသင်းဝင်များ၊ သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း