သတင်းများ

တပ်ကုန်းမြို့၌ အခြေခံပညာအထက်တန်းကျောင်း(မကျီးပင်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(မကျီးပင်)တွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မြိတ်ခရိုင် မီးသတ်ဦးစီးဌာနတွင် ယာဉ်မောင်း (မွမ်းမံ) သင်တန်း ဖွင့်လှစ်
Sep 04,2023
တနင်္သာရီတိုင်း‌ဒေသကြီး မြိတ်ခရိုင် မီးသတ်ဦးစီးဌာနတွင် မီးသတ်တပ်ဖွဲ့၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ ယာဉ်မောင်းများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များကို ယာဉ်မောင်းနှင်ကျွမ်းကျင်မှုရှိမှသာ ပြည်သူလူထုကို ထိရောက်စွာ အကာအကွယ်ပေးနိုင်မည်ဖြစ်သည့်အတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူးရုံးတွင်  ယာဉ်မောင်း (မွမ်းမံ)သင်တန်း အမှတ်စဉ်(၄/၂၀၂‌၃)ကို စက်တင်ဘာ(၄)ရက် နံနက် ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ပင်းတယမြို့နယ်၌ အခြေခံရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာသင်တန်း အခမဲ့ဖွင့်လှစ်
Sep 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသခံလူငယ်များ၏ ရုပ်သံရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံရေး၊ စွမ်းရည်ထက်မြက် မြင့်မားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အခြေခံရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၈ နာရီက ​ဆင်ခေါင်းရပ်ကွက်အတွင်းရှိ MRTV-4 ရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြိတ်တက္ကသိုလ်တွင် လူငယ်ရေးရာ လှုပ်ရှားမှုသီတင်းပတ် အခမ်းအနား ကျင်းပ
Sep 04,2023
မြိတ်တက္ကသိုလ်တွင် ဗလငါးတန်ဖွံ့ဖြိုးသည့် ကျောင်းသား/သူများ ဖြစ်စေရေးအတွက် လူငယ်ရေးရာ လှုပ်ရှားမှု သီတင်းပတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး   ဘာသာရပ်ပေါင်းစုံ Myanmar Fitness Dance ကကွက်များ ကပြကစားခြင်းနှင့် မြန်မာ့ရိုးရာ ခြင်းလုံးခတ်ကစားနည်းအား သရုပ်ပြခတ် ကစားခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လှည့်လည်ကြည့်ရှုအားပေး
Sep 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့တွင် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ဆီစက်၊ ရေခဲစက်နှင့် မုန့်တိုက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
ဒဂုံတက္ကသိုလ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်သီတင်းပတ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းအဆင့်(၁/၂) လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်
Sep 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းအဆင့် (၁/၂)လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
မြိတ်မြို့တွင် ကမ္ဘာ့ရှေးဦးပြစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း ပတ်တီးစွမ်းရည်၊ ဉာဏ်စမ်းနှင့် အထွေထွေ ဗဟုသုတရေးဖြေ ပြိုင်ပွဲ ကျင်းပ
Sep 04,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကမ္ဘာ့ရှေးဦးပြစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း ပတ်တီးစွမ်းရည်၊ ဉာဏ်စမ်းနှင့် အထွေထွေ ဗဟုသုတရေးဖြေ ပြိုင်ပွဲကို မြိတ်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ ယမန်နေ့က အ.ထ.က(၁) ကျောင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတို့တွင် ကျင်းပခဲ့သည်။