ကော့သောင်း စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့နံနက်ပိုင်းက စားသုံးဆီတစ်ပိဿာလျှင် (၄၆၅၀)ကျပ်ဖြင့် ပိဿာ(၅၅၀)ကို ကော့သောင်းမြို့နယ် အောင်သုခရပ်ကွက် စံပယ် လမ်းနေပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ရောင်းချပေးခြင်းသည် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ကော့သောင်းခရိုင်ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်အသင်းတို့မှ အခြေခံပြည်သူများအတွက် တဖက်တလှမ်းမှ အကူအညီဖြစ်စေရန်ရည်ရွယ်၍ တစ်ပတ်လျှင်(၅)ရက်တာ ရပ်ကွက်အလိုက် ပြည်သူများထံသို့ ဈေးနှုန်းသက်သာစွာဖြင့် အပတ်စဉ် သတ်မှတ်ဈေးနှုန်း အတိုင်းရောင်းချပေးလျက်ရှိရာ စက်တင် ဘာလ(၄) ရက်နေ့မှစက်တင်ဘာ (၈)ရက်နေ့အထိ စားသုံးဆီတစ်ပိဿာလျှင် (၄၆၅၀)ကျပ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ဒေသခံပြည်သူများအနေဖြင့်ကုန်ဈေးနှုန်းတိုးမြင့်နေသည့်ကာလတွင် စားသုံးဆီအပြင်အခြားသော အခြေခံစားသောက်ကုန်များအားလည်း ယခုကဲ့သို့ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)