ကန်ကြီးထောင့် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆန်နှင့် ဆီများကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အခွန်လွတ်ဈေး၌ ရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးနှင့် အခြေခံစားသောက်ကုန် လုံလောက်မှုရှိစေရေး ပိုမို တိုးမြင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ခရိုင်ဆီကုန်သည်များ အသင်းတို့ ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် လက်လီရောင်းချပေးလျက် ရှိရာ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများကို တစ်ဦးလျှင် ဆန် (၁)ပြည် (၂၅၀၀)ကျပ် နှုန်းဖြင့် ဆန်(၄)အိတ်နှင့် စားသုံးဆီ တစ်ပိဿာ (၄၅၀၀) ကျပ်နှုန်း ဖြင့် ပိဿာ(၁၁၀)ကို စနစ်တကျ တန်းစီပြီး လက်လီရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)