အင်္ဂပူမြို့နယ်တွင် ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် ဆန်အိတ်(၅၅)အိတ် ရောင်းချပေး

အင်္ဂပူ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဥ်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်များပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်း ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် အင်္ဂပူမြို့နယ်အတွင်းရှိ အင်္ဂပူမြို့၊ ထူးကြီးမြို့၊ ကွင်း‌ကောက်မြို့၊ ဘွက်ကျေးရွာ၊ ခြောက်ရွာ‌ကျေးရွာတို့တွင် စုစုပေါင်းဆန်အိတ် (၅၅)အိတ် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်များက ရပ်ကွက်၊‌ ကျေးရွာနေပြည်သူများအား လူတစ်ဦးလျှင် ဆန်တစ်ပြည်နှုန်း ဝယ်ယူနိုင်ရန် ကူညီရောင်းချပေးခဲ့ကြောင်းသိရသည်။

မန်းကျော် (ပြန်/ဆက်)