ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်

ဟိုပင် စက်တင်ဘာလ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မျိုးဆက်သစ်လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများ၊ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးလမ်းညွှန်ပြုနိုင်စေရန်ရည်ရွယ်၍ ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့် ဒေါက်တာခင်မောင်ညိုရေးသားထားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ စောငယ်ငယ်(မိုးညှင်း)က လူငယ်နှင့်‌အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းစိတ်၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ ခေါင်းစဉ်များ၊ စာရေးဆရာအေးရွှေ(ရွှေအင်းမိုးညှင်း)က လူငယ်နှင့်သဘာဝဘေးအန္တရာယ်၊ လူငယ်နှင့်လူမှုရေးအတွေးများ၊ လူငယ်နှင့်ဒဿနစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လင်းသွယ်သွယ်ဦး

(ပြန်/ဆက်)