လှည်းကူး စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကောမပပျောက်စေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ပြီး (၂၄) ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ဒိုင်ချုပ်အဖြစ်ဆောင်ရွက်မည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးခင်ဇော်က ပြိုင်ပွဲနှင့်ပတ်သတ်ပြီး အမှတ်ပေးစည်းမျဥ်းများကို ပြိုင်ပွဲဝင်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ယှဥ်ပြိုင်ရာ လှည်းကူးမြို့နယ်အတွင်းရှိ အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်များက ပါဝင်ယှဉ်ပြိုင်ကြပြီး အဆိုပါ (၂၄) ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမှတ်ပေးအကဲဖြတ်ပေးမည့်ဒိုင်များ၊ ပြိုင်ပွဲဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဝါသနာရှင်များတက်ရောက်ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)