ကမာရွတ် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လူငယ်သီတင်းပတ်နေ့အခမ်းအနားကို စက်တင်ဘာ ၆ ရက်နေ့နံနက် ၁၀ နာရီက LRC (3) ခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဆရာမကြီးဒေါက်တာ ဒေါ်မင်းမင်းရီမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဒေါက်တာမြတ်မြတ်ထွန်း (ပါမောက္ခဌာနမှူး)၊ ဒေါက်တာခင်မာဆွေ (ပါမောက္ခဌာနမှူး)၊ ဒေါက်တာဝါဝါနွယ်ဦး (ပါမောက္ခဌာနမှူး) တို့မှ လူငယ်နှင့် လောကနီတိစကားဝိုင်းဆွေးနွေးကြပြီး နိုင်ငံခြားဘာသာတက္ကသိုလ်မှ နိုင်ငံခြားပညာတော်သင်ကျောင်းသား/ ကျောင်းသူများ၏ အတွေ့အကြုံများကို ရှင်လင်းပြီးတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် လိုအပ်သည်များ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် လူငယ်သီတင်းပတ်အခမ်းအနားကို ယနေ့မှ စ၍ စက်တင်ဘာ ၈ ရက်နေ့အထိ ဆွေးနွေးပွဲများ၊ အားကစားသရုပ်ပြပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များ၊ မိတ်ဆုံစားပွဲများ၊ စာအုပ်ပြပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)