တောင်တွင်းကြီးမြို့နယ်အတွင်း စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေးမှုများဆောင်ရွက်

တောင်တွင်းကြီး  စက်တင်ဘာ ၈

တောင်တွင်းကြီးမြို့နယ်အတွင်း စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး အရောင်းဆိုင်များတွင် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောင်းချမှုမရှိစေရေးနှင့် တပ်မတော်ထုတ် ကုန်ပစ္စည်းများအား Super Market များ၊ ဈေးဆိုင်များမှ ရောင်းချခြင်းမပြုစေရေးနှင့်ရေးသား ကြော်ငြာထားခြင်းများ မရှိစေရေးအတွက် ကွင်းဆင်းကြပ်မတ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကြပ်မတ်စစ်ဆေးရာတွင် မြို့နယ်စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲမြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း၊ မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးနှင့် တာဝန်ရှိသူများက ရောင်းချသူများအား စားအုန်းဆီများကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် တပ်မတော်ထုတ်ကုန်ပစ္စည်းများအား Super Market များ၊ ဈေးဆိုင်များမှ ရောင်းချခြင်းမပြုစေရေး၊ ရေးသားကြော်ငြာထားခြင်းများ မရှိစေရေးတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)