ငပုတော စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် မြို့နယ်စိုက်ပျိုးရေးဌာန ဦးစီးအရာရှိ ဦးထွန်းမျိုးသန့် နှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက ငပုတောမြို့ အနောက်ပိုင်းရပ်ကွက် အမက-စဥ့်အိုးဖိုအောက် အခြေခံပညာ မူလတန်းကျောင်းဝန်းအတွင်း၌ ပိုက်ဆံလျှော်မျိုးစေ့ ထွန်ယက်စိုက်ပျိုးမှု အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ပိုက်ဆံလျှော်မျိုးစေ့များကို စုပေါင်းကြဲပက်စိုက်ပျိုးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ဖျန်ရေ ကျော်ကျေးရွာနှင့် သက္ကယ်ချောင်းကျေးရွာတို့တွင် ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်ပွဲအခမ်းအနားကို တက်ရောက်ပြီး ပိုက်ဆံလျှော်မျိုးစေ့များကို စုပေါင်းကြဲပက်ခဲ့ကြကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရေတိုက်စားမှုကြောင့်လမ်းပခုံးမြေသား ပျက်စီးခဲ့သည့် သက္ကာယ်ချောင်း-အုန်းပင်စု လမ်းအရှည်ပေ (၂၁၀)ပေအား မျှောတိုင်- ကတ္တပုံးခွံ မြေစာထည့်၍ လမ်းပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေး တာဝန်ခံနှင့် တွေ့ဆုံကာ ရေရှည်တည့်တံ့ ခိုင်မြဲစေရေးအတွက် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
အောင်သူ (ပြန်/ဆက်)