သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဆီတစ်ပိဿာ ၄၄၀၀ ကျပ်နှုန်းဖြင့် လာရောက်ရောင်းချပေး
Sep 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ စာသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၇)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရုံးပေါင်းစုံမှ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သရက်မြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကင်းလွတ်ရာသို့ ပြောင်းရွှေ့သည့် အိမ်ထောင်စုများအား ဆန်နှင့်ရိက္ခာပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်
Sep 09,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ အမှတ် (၅) ရပ်ကွက်၊ လေးတိုင်စင်ကျေးရွာနှင့် ရေပေါ်ကျွန်းကျေးရွာတို့တွင် (၇-၉-၂၀၂၃ နှင့် ၈-၉-၂၀၂၃) ရက်နေ့၌ ဧရာဝတီမြစ်ရေမြင့်တက်လာ၍ မြစ်ရေများ ဝင်ရောက်လာသဖြင့် ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေး ခဲ့သည်။ အဆိုပါ နေရာများဖြစ်သော စံပုံတင်ကျောင်းတိုက်၊ ရွှေမုဌောကျောင်းတိုက်နှင့် လေးထပ်ကျောင်းတိုက်များသို့ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်၊ မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၂) နာရီက နိုင်ငံတော်မှ ဆန်ဖိုးထောက်ပံ့ငွေနှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှထောက်ပံ့သည့် ရေသန့်ဗူး၊ Hand Gel နှင့် နှာခေါင်းစည်း(Mask) များ ထောက်ပံ့ပေးခဲ့သည်။
မင်းလှမြို့နယ်တွင် အခြေခံစားကုန် "စားသုံးဆီ" တစ်ပိဿာလျှင် (၄၇၀၀) ကျပ်ဖြင့် ဆက်လက်ရောင်းချပေး
Sep 09,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှဦး‌ဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့ပေါ်ရှိဆီလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့တို့မှ ပူးပေါင်း၍ အခြေခံစားကုန်စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲ အချိန်က မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး‌အနီး‌နှင့် ယမန်‌နေ့နေ့လယ် (၂) နာရီ အချိန်က ရုံးရပ်မြောက်ပိုင်းရပ်ကွက် ဥယျာဉ်မှူးစာကြည့်တိုက်ရှေ့‌ မြေကွက်လပ်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့၊ နံနက် ၈ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပသည်။
မုံရွာမြို့တွင် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်) ပြိုင်ပွဲဆုချီးမြှင်ပွဲကျင်းပ
Sep 09,2023
စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာမြို့၌ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ‌ပိုင်းက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး/ ‌ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်အနုပညာရှင်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဆုရရှိသူများ ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်‌ထောင်စုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့်စားသုံးဆီထောက်ပံ့ပေး
Sep 09,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်ကျေးရွာတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နီးစပ်ရာ ဆွေမျိုးသားချင်းနေအိမ်များတွင် ယာယီပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စုဝင်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့်စားသုံးဆီ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ညနေ (၅) နာရီအချိန်က မလွန်ကျေးရွာအရောက် ကွင်းဆင်း ထောက်ပံ့ပေးခဲ့သည်။
စစ်ကိုင်းခရိုင်အဆင့် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ
Sep 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အဆင့် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကျင်းပ
Sep 09,2023
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေး သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်နှင့် ဝန်ထမ်းများက အိုရင်ကျေးရွာတွင် သင်တန်းပေခဲ့ကြောင်း သိရသည်။