ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဆီတစ်ပိဿာ ၄၄၀၀ ကျပ်နှုန်းဖြင့် လာရောက်ရောင်းချပေး

ဒဂုံမြောက် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ စာသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရုံးပေါင်းစုံမှ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရုံးပေါင်းစုံမှ ဌာနဆိုင်ရာဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေးတွင် တစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းဖြင့် ဆီပိဿာ ၁၁၀ ပိဿာကို  ရောင်းချပေးခြင်းဖြစ်သည်။

ရုံးပေါင်းစုံမှ ဌာနဆိုင်ရာဝန်ထမ်းများ စနစ်တကျဝယ်ယူနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ လိုအပ်သည်များကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)