မင်းလှမြို့နယ်တွင် အခြေခံစားကုန် "စားသုံးဆီ" တစ်ပိဿာလျှင် (၄၇၀၀) ကျပ်ဖြင့် ဆက်လက်ရောင်းချပေး

အထက်မင်းလှ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှဦး‌ဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့ပေါ်ရှိဆီလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့တို့မှ ပူးပေါင်း၍ အခြေခံစားကုန်စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲ အချိန်က မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး‌အနီး‌နှင့် ယမန်‌နေ့နေ့လယ် (၂) နာရီ အချိန်က ရုံးရပ်မြောက်ပိုင်းရပ်ကွက် ဥယျာဉ်မှူးစာကြည့်တိုက်ရှေ့‌ မြေကွက်လပ်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စားသုံးဆီများရောင်းချရာတွင် မြို့ပေါ် ရပ်ကွက်များအတွင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှတဆင့် လက်မှတ်များရယူ၍ ကာလပေါက်စျေးထက်  စျေးနှုန်းလျှော့ချကာ  စားသုံးဆီတစ်ပိဿာလျှင် (၄၇၀၀) ကျပ်နှုန်းဖြင့်  မြောက်ရပ်ကွက်တွင်ဆီ ပိဿာ (၄၄၀) ပိဿာ အိမ်ထောင်စု (၄၄၀) စု၊ ရုံးရပ်မြောက်ရပ်ကွက်တွင် ဆီပိဿာ (၈၄၀) ပိဿာ ၊အိမ်ထောင်စု (၈၄၀) အုပ်စု၊ စုစုပေါင်းအိမ်ထောင်စု (၁၂၈၀) စု၊ စားသုံးဆီပိဿာ (၁၂၈၀) ပိဿာအား ရောင်းချပေးခဲ့ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်ရှိနေသည့် ရပ်ကွက် () ရပ်ကွက်တွင်လည်း စားသုံးဆီများကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ စားသုံးဆီရောင်းချနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးပြီး လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)