ငါ့သရောက်မြို့ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေး သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်နှင့် ဝန်ထမ်းများက အိုရင်ကျေးရွာတွင် သင်တန်းပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုရေးဦးစီးဌာနသည် အဓိကသီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆောင်ရွက်လျက်ရှိရာ တစ်ဧက အထွက်နှုန်းတိုးတက်လာချင်းဖြင့် စားနပ်ရိက္ခာ ဖူလုံ၍ တောင်သူတစ်ဦးချင်းဝင်ငွေတိုးတက်ပြီး လူမှုစီးပွားတိုးတက်စေရန်နှင့် နိုင်ငံတကာမှ တင်သွင်းရမှုလျော့ချနိုင်ပြီး နိုင်ငံတကာသို့တင်ပို့နိုင်မှု တိုးမြှင့်စေခြင်းဖြင့် နိုင်ငံစီးပွား တိုးတက်လာမည်ဖြစ်သည်။ ငါ့သရောက်မြို့သည် မိုးကောင်းသောက်ဒေသဖြစ်ပြီး အဓိကသီးနှံ (၁၀) မျိုးမှ မြေပဲ၊ နှမ်း၊ ပဲစင်းငုံနှင့် ပဲတီစိမ်းသီးနှံများ အဓိကအများဆုံး စိုက်ပျိုးလျက်ရှိသော ဒေသတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမျိုးထက်ထန်ထံမှ သိရသည်။
အဆိုပါ အဓိကသီးနှံများ ပန်းတိုင်းအထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ အိုရင်ကျေးရွာနှင့် ရွာနီးချင်းကျေးရွာမှ တောင်သူများ စုစုပေါင်း (၇၁) ဦးတက်ရောက်ခဲ့ပြီး တာဝန်ရှိသူများမှ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ဆွေးနွေးပို့ချခဲ့ပြီး တောင်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကိုလည်း တာဝန်ရှိသူများမှ ဖြေကြား၍ ပညာပေးလက်ကမ်းစာစောင်များ သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
P.W.A(ပြန်/ဆက်)