မုံရွာမြို့တွင် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်) ပြိုင်ပွဲဆုချီးမြှင်ပွဲကျင်းပ

မုံရွာ စက်တင်ဘာ ၉


စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာမြို့၌ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ‌ပိုင်းက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး/ ‌ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်အနုပညာရှင်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဆုရရှိသူများ ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ အ.ထ.က(၂)ကျောင်းမှ မစောယုဝေနှင့်အဖွဲ့က ရှမ်းတိုင်းရင်းသားအကဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊  အ.ထ.က(၂)မှ မမေဇင်သော်နှင့် အ.ထ.က(၇)မှ မသင်းသင်းနိုင်တို့မှ ဧည်ခံသီဆိုဖျော်ဖြေခြင်း၊ အ.ထ.က(၂)အလုံမှ မငြိမ်းစုသွယ်နှက့်အဖွဲ့က လက်ခတ်သံတေးသီးချင်းဖြင့် ကပြဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုး‌က မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မုံရွာပညာရေးဒီဂရီကောလိပ်တို့မှတာဝန်ရှိသူများအားလည်းကောင်း၊ မုံရွာခရိုင်ပညာရေးမှူးထံသို့လည်းကောင်း၊ (၂၄)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲတွင် ပါဝင်ပံ့ပိုးကူညီပေးခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုအမှတ်တရလက်ဆောင်ပစ္စည်းများအားလည်းကောင်း၊ အသီးသီးလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများက  အဆိုပါ (၂၄)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါ ဆုရရှိကြသူများသည် စက်တင်ဘာ(၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး  အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ သိရသည်
ခရိုင်(ပြန်/ဆက်)