သရက် စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ အမှတ် (၅) ရပ်ကွက်၊ လေးတိုင်စင်ကျေးရွာနှင့် ရေပေါ်ကျွန်းကျေးရွာတို့တွင် (၇-၉-၂၀၂၃ နှင့် ၈-၉-၂၀၂၃) ရက်နေ့၌ ဧရာဝတီမြစ်ရေမြင့်တက်လာ၍ မြစ်ရေများ ဝင်ရောက်လာသဖြင့် ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေး ခဲ့သည်။ အဆိုပါ နေရာများဖြစ်သော စံပုံတင်ကျောင်းတိုက်၊ ရွှေမုဌောကျောင်းတိုက်နှင့် လေးထပ်ကျောင်းတိုက်များသို့ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်၊ မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၂) နာရီက နိုင်ငံတော်မှ ဆန်ဖိုးထောက်ပံ့ငွေနှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှထောက်ပံ့သည့် ရေသန့်ဗူး၊ Hand Gel နှင့် နှာခေါင်းစည်း(Mask) များ ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အမှတ်(၅)ရပ်ကွက်မှ အိမ်ထောင်စု (၁၅) စု၊ ကျား (၂၇) ဦး၊ မ (၃၂) ဦး၊ စုစုပေါင်း (၅၉) ဦး၊ လေးတိုင်စင်ကျေးရွာမှ အိမ်ထောင်စု (၂၀) စု၊ ကျား (၄၄) ဦး၊ မ (၄၄) ဦး၊ စုစုပေါင်း (၈၈) ဦးနှင့် ရေပေါ်ကျွန်းကျေးရွာမှ အိမ်ထောင်စု (၁၀) စု၊ ကျား (၁၉) ဦး၊ မ (၁၄) ဦး၊ စုစုပေါင်း (၃၃) ဦးရှိပြီး ရေဘေးရှောင် စုစုပေါင်း (၁၈၀) ဦး တို့အား နိုင်ငံတော်မှ ထောက်ပံ့သည့် ငွေ ( ၃၇၈၀၀၀/-) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(သရက်)