မန့်ဟီးရိုးမြို့တွင် အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင် ပြသ
Sep 11,2023
ဒေသခံပြည်သူများနှင့် တိုင်းရင်းသားအမျိုးသမီးများကို အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီး တိုက်ဖျက်ရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို သိရှိနားလည်စေရန်နှင့် အိမ်တွင်းအကြမ်းဖက်မှု ပြစ်မှုကျူးလွန်သူများ ဉပဒေအရ သတ်မှတ်ထားသော ပြစ်ဒဏ်တို့ကို သိရှိနားလည်လေးစားလိုက်နာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယနေ့နံနက် (၉:၃၀)အချိန်က အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသ ဆောင်ရွက်ခဲ့ပါသည်။