သတင်းများ

ကျောက်ဆည်မြို့နယ် ရေပြစ်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ရုံးပတီသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Sep 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရေပြစ်ကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ရုံးပတီသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ်ရောင်းချခြင်းဖြင့်  မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
(၃) ကြိမ်မြောက် ကာမိုင်းမြို့ဘုန်းတော်ကြီးတစ်ပိုင်နယ် ကက်သလစ် (RC) အသင်းတော်ဖခင်များ၏ ဘောလုံးအားကစားပြိုင်ပွဲကျင်းပ
Sep 11,2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ဘုန်းတော်ကြီးတစ်ပိုင်နယ်ကက်သလစ် (RC) အသင်းတော်မှကြီးမှူး၍ စက်တင်ဘာလ (၄) ရက်တွင် ကျရောက်ခဲ့သည့် လက်ဝါးကပ်တိုင် ဆုတောင်းပွဲအထိမ်းအမှတ်နှင့် ဘုန်တော်ကြီးတပိုင်နယ်ရှိ ဖခင်များအားကျန်မားရေးကောင်မွန်စေရန်ရည်ရွယ်၍ ကာမိုင်းမြို့ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်။
ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် စာအုပ်, စာစောင်ပြပွဲများ ဆောင်ရွက်
Sep 11,2023
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွါးစေရန်၊ စိတ်ပျော်ရွှင်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာပြောဆိုတတ်စေရန် ရည်ရွယ်ရန် စိတ်ကြိုက် ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် စာအုပ်/စာစောင်ပြပွဲများကို စက်တင်ဘာလ (၁၁) ရက် မွန်းလွဲ (၁) နာရီက ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Sep 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု အခြေခံ သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၁) စက်မှု လယ်ယာစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၁၁) နာရီက ဂွကြီးကျေးရွာ​အုပ်စု၊ သီရိမဟာပဋ္ဌာန်းကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
မိုးညှင်းမြို့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Sep 11,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ နားခါရပ်ကွက်ရှိ စိမ်းရတနာမွန်မြောက်ရပ် ပေ (၆၀) ကားလမ်းမကြီးပေါ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၇) နာရီက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များရရှိရေး ခရိုင်အင်ဂျင်နီယာကြီးကြပ်မှုဖြင့် နေ့စဉ်ကွင်းဆင်းဆောင်ရွက်
Sep 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များ ရရှိရေးအတွက် ခရိုင်အင်ဂျင်နီယာ ကြီးကြပ်မှုဖြင့် မြို့ပေါ် (၆) ရပ်ကွက်အတွင်း နေ့စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအုပ်စုအတွင်းရှိ (MCCT)အကျိုးခံစားခွင့်ရှိသူ ၉၇ ဦးအား ထောက်ပံ့ငွေများ ပေးအပ်
Sep 11,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ်များအတွက် (MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ကကျေးရွာအုပ်စုအတွင်းရှိ တာဝန်ရှိသူများမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။