ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့ရှိ မြစ်ကမ်းအ‌ခြေအနေများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ (၂၃)လမ်းသို့ ရောက်ရှိရာ မြစ်ကမ်းပါးအခြေအနေနှင့် မြစ်ရေချိန်အမှတ်တိုင်းထွာသည့် ရေမှတ်တိုင်အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှားကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်တုန်းမြို့၊ အမှတ်(၃) ရပ်ကွက်၊ (၁၄)လမ်းနှင့် (၁၆)လမ်းကြားရှိ ပြိုကျ မြစ်ကမ်းပါး ကမ်းထိန်းနံရံ ပြန်လည်ပြုပြင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက မြစ်ကမ်းပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)