ဂွမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ်  ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဂွ   စက်တင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က စတင်၍ ညောင်ဝိုင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတွင်  ပြုလုပ်ခဲ့ကြသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးခင်မောင်ထွန်း ဦးစီးသည့် အရာထမ်း၊အမှုထမ်း တပ်ဖွဲ့ဝင်များ၊ ဒုရဲမှူး ဝင်းအောင်ဦးစီးသည့်အရာထမ်း၊အမှုထမ်း တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ရွာမရပ်ကွက်၊ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ  အမှိုက်သရိုက်နှင့် ချုံပိတ်ပေါင်းများအားရှင်းလင်းခြင်း၊ ဘုရားစေတီများတွင် တံမြက်စည်းလှည်းခြင်း၊  မြက်ပင်များ ရှင်းလင်းပေးခြင်းနှင့် သန့်ရှင်းရေးများကို  စုပေါင်းညီညာစွာ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်