တောင်ကုတ် စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် အစိုးရအမှုထမ်းငွေစုငွေချေး သမဝါယမအသင်း (လိမိတက်) ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အမှုထမ်းများငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)ဥက္ကဋ္ဌ ဦးစံရွှေသာနှင့် မြို့နယ်သမ ဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ရီ တို့ကအမှာစကားပြောကြားပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဒါရိုက်တာအဖွဲ့ဝင် ဦးဇော်မင်းထွန်းကလည်းကောင်း၊ ဘဏ္ဍာရေးရှင်းတမ်းကို မြို့နယ်သမဝါယမဦးစီးဌာနမှ အကြီးတန်းစာရေးဦးသူရက ဖတ်ကြားရှင်းလင်းပြီး အသင်းသားများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့်ဘဏ္ဍာ ရေးရှင်းတမ်းများကို အတည်ပြုကြ သည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတေင်မောင်ရီနှင့် အသင်းဥက္ကဋ္ဌ ဦးစံရွှေသာ တို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အသင်းသားများ၏ သား၊သမီးများသို့ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)